၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မန္တလေးကက်သလစ်သာသနာအတွင်းရှိ စစ်ဘေးရှောင်ညီအကိုမောင်နှမများအား သာသနာပိုင်ဆရာတော် မာကုတင်ဝင်းမှ မစ္ဆားပူဇော်ခြင်း၊ ကျမ်းစကားများဖြင့် ခွန်အားပေးခြင်း၊ နှုတ်ဆက်အားပေးစကားပြောကြားကာ ကောင်းချီးပေးခဲ့ပါသည်။
တာဝန်ယူစောင့်ရှောက်ပေးနေသော ဘုန်းတော်ကြီးများ၊ သီလရှင်များကိုလည်း ကျေးဇူးတင်စကားပြောကြားပြီး လူကြီးများအတွက် ကျမ်းစာဝေမျှခြင်း၊ ဘာသာရေးဆွေးနွေးခြင်း၊ နှစ်သိမ့်ခွန်အားပေးခြင်းနှင့် လူငယ်၊ ကလေးငယ်များအတွက် ဘုရားစကားသင်ကြားခြင်း အစီအစဉ်များ ပြုလုပ်ပေးရန် လမ်းညွှန်ခဲ့ပါသည်။