မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၁ ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၂ နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားချက်
မန္တလေး
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်
အကြောင်းအရာ။ ။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်း၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်ရက်များ၊ ခရစ်နှစ် ၂၀၂၂ နှစ်ကူးပွဲရက်များနှင့်ပတ်သက်၍ သာသနာပိုင်ဂိုဏ်းချုပ်ဆရာတော်မှ ညွှန်ကြားချက်
မန္တလေးကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သာသနာ့အကျိုးတော်ဆောင်များ၊ လူငယ်များနှင့် ဘာသာဝင်အပေါင်းတို့
အခြေအနေအကြောင်းကြောင်းကြောင့် ဤ ၂၀၂၁ ခုနှစ် ခရစ္စမတ်ပွဲတော်မြတ်နှင့် ရောက်လာမည့်နှစ်ကူးပွဲကို မစ္ဆားတရားတော်မြတ် (သာသနာမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ) ပူဇော်ခြင်းမှလွဲ၍ ကျန်အစီအစဉ်များအားလုံး ဥပမာ -
၁။ ခရစ္စမတ်ကယ်ရယ်သီချင်းဆိုခြင်းနှင့် ခရစ္စမတ်ဓမ္မတေးသီချင်းများကို ဆောင်းဘောက်များဖြင့် ဖွင့်ခြင်း
၂။ လူစုလူဝေးဖြင့်ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ၊ မိတ်ဆုံစားပွဲ၊ ဧည့်ခံပွဲ စသဖြင့် ကျင်းပခြင်း
၃။ ဘုရားရှိခိုးကျောင်းများ၊ ခေါင်းလောင်းစင်များ၊ ကျောင်းဝန်းပရဝဏ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများကို အရင်နှစ်များကဲ့သို့ မီးများ၊ အဆင်တန်ဆာများဖြင့် ပြင်ဆင်ပူဇော်ခြင်း
၄။ ပွဲတော်မြတ်နှင့်ပတ်သက်၍ မိမိတို့မိသားစု၏ မည်သည့်ပုံရိပ်မျိုးကိုမဆို လူမှုကွန်ယက်များတွင် ဖော်ပြခြင်း စသဖြင့်
- မပြုလုပ်ကြပါရန် ဆရာတော် လေးစွားစွာ တိုက်တွန်းမှာကြားလိုက်ပါသည်။ အားလုံးနားလည်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
အာပါတ်ဖြေခြင်း၊ မစ္ဆားနာယူခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ တရားနာယူခြင်း၊ ခရစ်ယာန်တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဒုက္ခရောက်နေသူများကို ကူညီခြင်း၊ အလှုဒါနပြုခြင်း၊ စသည့် မြင့်မြတ်ရာများပြုကြလျက် အများပြည်သူများနှင့် ထပ်တူထပ်မျှ ရှိနိုင်ကြပါစေ။
ခရစ်တော်ဘုရား၏ အမှုတော်မြတ်၌
ဆရာတော် မာကုတင်ဝင်း
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်
2022-11-10 21:14:45