မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာဝင်အားလုံးထံသို့ သာသနာပိုင်၏ညွှန်ကြားချက်
မန္တလေး
၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်
စာအမှတ် - ဝဝ၂/၂၂
အကြောင်းအရာ။ ။ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းမှ ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် ဘာသာဝင်အားလုံးထံသို့ သာသနာပိုင်၏ညွှန်ကြားချက်
အမိမြန်မာနိုင်ငံတော်ကြီးနှင့် တိုင်းရင်းသားညီအကိုမောင်နှမများအားလုံးအဖို့ အထူးဆုတောင်းခြင်းအစီအစဉ်ကို လိုက်နာကြပါရန် ညွှန်ကြားအပ်ပါသည်။
ပြည်ထောင်စုသားသွေးချင်းများအားလုံးသည် Covid-19 ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ စစ်မက်ဘေး၊ ညှင်းပန်းနှိပ်စက်ခြင်းဘေးအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသော ခေတ်ကာလ၌ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ/မများနှင့် ဘာသာဝင်အပေါင်းတို့အနေဖြင့် ကျွန်ုပ်သာသနာပိုင်ဆရာတော်နှင့်အတူ အထူးဆုတောင်းကြပါရန် ညွှန်ကြားအပ်ပါသည်။
အစီအစဉ်
၁။ စနေနေ့ (ညနေ ၅းဝဝ-၆းဝဝ နာရီ) တစ်နာရီကိုယ်တော်မြတ်ကိုးကွယ်ခြင်း
၂။ လစဉ် ပထမတနင်္ဂနွေနေ့ - ငြိမ်းချမ်းရေးအတွက် မစ္ဆားပူဇော်ခြင်း (အားလုံးပါဝင်နိုင်သည့် မစ္ဆား)
၃။ နေ့စဉ် (က) မစ္ဆားပူဇော်ခြင်းအဆုံး၌ ကောင်းချီးပေးအပြီးတွင်သော်လည်းကောင်း၊
(ခ) မစ္ဆားပူဇော်ခြင်း၌ ပါဝင်ခြင်းမရှိလျှင်သော်လည်းကောင်း
အမိမြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ပို့သသောဆုတောင်းမေတ္တာကို ရွတ်ဆိုဆုတောင်းရန်ဖြစ်ပါသည်။
ဆုတောင်းရာတွင် (က) မိမိအဓိဌာန်ရည်ရွယ်ချက်မှန်ကန်ပြီး မွန်မြတ်နေရပါမည်။
(ခ) မိမိအသက်တာရှင်သန်မှု လွဲချော်နေပါက မှန်အောင်ûပပြင်ရပါမည်။
(ဂ) သို့မှသာ ဆုတောင်းမေတ္တာအကျိုးသက်ရောက်ခြင်းသည် အမြန်ဆုံး အချိန်တန်လာမည်ဖြစ်သည်။
(ဆုတောင်းပတ္ထနာ ဝေထားပြီးဖြစ်ပါသည်။)
ဘုရားရှင်ဖန်ဆင်းထားသော လူသားများဖြစ်သည့်အားလျော်စွာ အားလုံးအဖို့ ဆုတောင်းမေတ္တာ ပို့သကြရမည်ဖြစ်သည်။
ခရစ်တော်ဘုရား၏ အမှုတော်မြတ်၌
ဆရာတော် မာကုတင်ဝင်း
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်
2022-01-08 04:51:43